Friday, January 3, 2014


ပခုက္ကူမြို့နယ် မြစ်ခြေ တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျွန်းချောင်း-မြစ်ခြေ မီနီမာရသွန်အပြေးပြိုင်ပွဲကို အုပ်ချုပ်ရေးမှူးမှဦးဆောင်၍ကျင်းပခဲ့ပါသည်။



 ၃၅ ဦးပန်းဝင်ခဲ့ပါသည်
ပခုက္ကူမြို့နယ်၊ မြစ်ခြေ-အိုင်ရှည်ရပ်ကွက်တွင် 4.1.2013 (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျင်းပခဲ့သော အားကစားပြိုင်ပွဲများဧ။် ပုံရိပ်တချို

ကလေးငယ်များရဲ့ အစွမ်းအစ၊ ကျန်းမာသန်စွမ်း စေသော ပြေး၍ လေပူပေါင်းဖေါက် ကစားနည်းလေးပါ။

 
 မြန်မာ့ ရိုးရာ ချောတိုင် တက်ပြိုင်ပွဲ ၀ိုင်းဝန်း အားပေးနေကြပုံ ပြိုင်ပွဲဝင်တွေကလည်း  'ဆု' မရ /ရအောင် ကြိုးစား  ကြပါတယ် . . .  . .


 ဒါကတော့ ပဟေဠိ အမေးအဖြေ (ဗိုလ်ချုပ်အောင်ဆန်း နှင့် ကျဆုံးလေပြီဖြစ်သော အာဇာနည်များဧ။် အမည်၊ လွတ်လပ်ရေးရရှိသောခုနှစ် အစရှိသော မေးခွန်းများ) ကို တင်ဆက်နေသော ပုံလေးပါ။

Saturday, August 4, 2012

၁၉.၇.၂၀၁၂ ခုနှစ် အာဇာနည်နေ့ က မြစ်ခြေ မှာ ဘုန်းကြီး ဆွမ်းကပ် ပြီး
ကျဆုံးလေပြီးသော အာဇာနည်များ ကို ရေစက်ချ အမျှဝေ နေသော ပုံလေး တစ်ပုံ ပါ . . .

Friday, June 22, 2012

မြစ်ရိုးတွန်သံ

မြစ်ရေချိုသောက် မြစ်အောက်လယ်မြေ
မြစ်ရေသွင်ချိုး မြစ်ရိုးမှာနေ
မြစ်ရေကြည်နှောက် မြစ်ဖျောက်မည်ကြံ
မြစ်ကိုရန်မူ မြစ်ဖျက်သူအား
မြစ်တားချိန်မှီ မြစ်သက်ရှည်လျက်
မြစ်မြေနုကျွန်း မြစ်ခင်းသာစေ
မြစ်ဖျားရေလျဉ် မြစ်ရိုးတွန်သည်
မြစ်ခြေသားတို့ ကြားစေသော် ... ။      ။

ကျော်ကျော်နိုင်
၂၀၁၁ စက်တင်ဘာလ (၂၂)ရက်
ည (၁၁) နာရီ (၃၀)မိနစ်
ခေတ္တ - ကရင်ပြည်နယ်၊ ဘားအံထောင်

မြစ်ခြေဘလော့ဂ်စတင်ခြင်း ...

၂၃.၀၆.၂၀၁၂ မှာပဲ ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ်လေးရဲ့ ဘလော့ဂ်လေးတစ်ခု စတင်မွေးဖွားခဲ့ပါတယ်။ ဘလော့ဂ်လေးရဲ့နာမည်က ရွှေသံဗျင်(မြစ်ခြေ) လို့အမည်ရပြီး မြစ်ခြေတိုက်နယ်လေးမှာရှိတဲ့ ဒေသခံပြည်သူအများရဲ့ ... သတင်းတွေ၊ စာတွေ၊ ကဗျာတွေကို ဖတ်ရှုခံစားကြရမှာဖြစ်ပါတယ် ...။