Friday, June 22, 2012

မြစ်ရိုးတွန်သံ

မြစ်ရေချိုသောက် မြစ်အောက်လယ်မြေ
မြစ်ရေသွင်ချိုး မြစ်ရိုးမှာနေ
မြစ်ရေကြည်နှောက် မြစ်ဖျောက်မည်ကြံ
မြစ်ကိုရန်မူ မြစ်ဖျက်သူအား
မြစ်တားချိန်မှီ မြစ်သက်ရှည်လျက်
မြစ်မြေနုကျွန်း မြစ်ခင်းသာစေ
မြစ်ဖျားရေလျဉ် မြစ်ရိုးတွန်သည်
မြစ်ခြေသားတို့ ကြားစေသော် ... ။      ။

ကျော်ကျော်နိုင်
၂၀၁၁ စက်တင်ဘာလ (၂၂)ရက်
ည (၁၁) နာရီ (၃၀)မိနစ်
ခေတ္တ - ကရင်ပြည်နယ်၊ ဘားအံထောင်

မြစ်ခြေဘလော့ဂ်စတင်ခြင်း ...

၂၃.၀၆.၂၀၁၂ မှာပဲ ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ်လေးရဲ့ ဘလော့ဂ်လေးတစ်ခု စတင်မွေးဖွားခဲ့ပါတယ်။ ဘလော့ဂ်လေးရဲ့နာမည်က ရွှေသံဗျင်(မြစ်ခြေ) လို့အမည်ရပြီး မြစ်ခြေတိုက်နယ်လေးမှာရှိတဲ့ ဒေသခံပြည်သူအများရဲ့ ... သတင်းတွေ၊ စာတွေ၊ ကဗျာတွေကို ဖတ်ရှုခံစားကြရမှာဖြစ်ပါတယ် ...။