Friday, June 22, 2012

မြစ်ရိုးတွန်သံ

မြစ်ရေချိုသောက် မြစ်အောက်လယ်မြေ
မြစ်ရေသွင်ချိုး မြစ်ရိုးမှာနေ
မြစ်ရေကြည်နှောက် မြစ်ဖျောက်မည်ကြံ
မြစ်ကိုရန်မူ မြစ်ဖျက်သူအား
မြစ်တားချိန်မှီ မြစ်သက်ရှည်လျက်
မြစ်မြေနုကျွန်း မြစ်ခင်းသာစေ
မြစ်ဖျားရေလျဉ် မြစ်ရိုးတွန်သည်
မြစ်ခြေသားတို့ ကြားစေသော် ... ။      ။

ကျော်ကျော်နိုင်
၂၀၁၁ စက်တင်ဘာလ (၂၂)ရက်
ည (၁၁) နာရီ (၃၀)မိနစ်
ခေတ္တ - ကရင်ပြည်နယ်၊ ဘားအံထောင်

1 comment:

  1. ကိုကျော်ကျော်နိုင် နောက်တစ်ခေါက်လောက် ဒီကဗျာလေး ရွတ်တာ နားထောင်ချင်သေးတယ်ဗျာ :D

    ReplyDelete